What's happening?

Video Sources 575 Views Report Error

  • Watch traileryoutube.com
  • Project Hail Mary (2026)Unknown resource
Project Hail Mary

Project Hail Mary

Believe in the Hail Mary.Mar. 15, 2026USA157 Min.PG-13
Your rating: 0
7 1 vote
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

Project Hail Mary (2026)

IMDb Rating (8.3) / Rotten Tomatoes (94%)

The Martian ကို ရေးခဲ့တဲ့ စာရေးဆရာ Andy Weir ရဲ့ နာမည်ကြီးဝတ္ထုကို ပြန်ရိုက်ထားတဲ့ ၂၀၂၆ ခုနှစ်ရဲ့ အမိုက်စား Sci-Fi ကားလေးတင်ပေးထားပါပြီ။ ဒီကားမှာ Ryan Gosling က
ခေါင်းဆောင်ပါဝင်ထားပြီး Spider-Verse ကားတွေကို ရိုက်ခဲ့တဲ့ ဒါရိုက်တာ Phil Lord နဲ့ Christopher Miller တို့က အသက်ဝင်အောင် ပုံဖော်ပေးထားတာပါ။

ဇာတ်လမ်းအကျဉ်း

Ryland Grace (Ryan Gosling) ဆိုတဲ့ သိပ္ပံကျောင်းဆရာတစ်ယောက်ဟာ ကမ္ဘာနဲ့အလင်းနှစ်တွေချီပြီး ဝေးကွာတဲ့ အာကာသယာဉ်တစ်စီးပေါ်မှာ တစ်ယောက်တည်း သတိရလာပါတယ်။ ပြဿနာက သူကိုယ်တိုင် ဘယ်သူလဲဆိုတာရော၊ အဲဒီကို ဘယ်လိုရောက်နေလဲဆိုတာကိုပါ လုံးဝ မှတ်မိမနေတာပါပဲ။

အချိန်ကြာလာတာနဲ့အမျှ သူ့မှတ်ဉာဏ်တွေ တဖြည်းဖြည်း ပြန်ပေါ်လာချိန်မှာတော့ သူဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ နောက်ဆုံးကျန်နေတဲ့ မျှော်လင့်ချက်ဖြစ်နေမှန်း သိလာရပါတော့တယ်။ ကမ္ဘာပေါ်က သက်ရှိတွေအကုန်လုံး မျိုးသုဉ်းသွားလောက်တဲ့အထိ နေမင်းကြီးကို အလင်းရောင် မှေးမှိန်သွားစေတဲ့ ထူးဆန်းတဲ့အရာတစ်ခုပေါ်လာလို့ အဲဒါကို ဖြေရှင်းဖို့ သူက စေလွှတ်ခံခဲ့ရတာပါ။ လမ်းခရီးမှာ သူသိထားတဲ့ သိပ္ပံပညာရပ်တွေကို အသုံးချပြီး အသက်ရှင်ဖို့ ကြိုးစားရမဲ့အပြင်၊ လုံးဝ မျှော်လင့်မထားတဲ့ မိတ်ဆွေသစ်တစ်ယောက်နဲ့လည်း ဆုံတွေ့ရဦးမှာပါ။

ဒီကားက အာကာသသိပ္ပံနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သေချာအသုံးချထားသလို၊ ပျင်းစရာမကောင်းအောင် ဟာသလေးတွေနဲ့လည်း သေသေချာချာ ရောစပ်ပေးထားပါတယ်။ အာကာသထဲက အထီးကျန်ဆန်မှုတွေ၊
ရှင်သန်ဖို့ ရုန်းကန်ရမှုတွေနဲ့အတူ လှပတဲ့ ဇာတ်ဝင်ခန်းတွေကို မြင်တွေ့ရမှာပါ။
ရုပ်ရှင်ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေကပါ အမှတ်တွေအများကြီးပေးထားကြတဲ့အပြင် သရုပ်ဆောင် Sandra Hüller ကလည်း အားဖြည့်ပါဝင်ထားပါသေးတယ်။

ပြသချိန်ကတော့ ၂ နာရီနဲ့ ၃၇ မိနစ်လောက်ရှိပါတယ်။ အချိန်နည်းနည်း ကြာတယ်လို့ထင်ရပေမဲ့ ဇာတ်လမ်းဆွဲဆောင်မှုကောင်းလွန်းလို့ ကြည့်နေရင်း အချိန်ကုန်မှန်းမသိကုန်သွားစေမဲ့ ကားကောင်းတစ်ကားပါ။ Sci-Fi ဇာတ်လမ်းတွေကိုကြိုက်တတ်တယ်ဆိုရင်တော့ လုံးဝ လက်မလွှတ်သင့်ဘူးနော်။

Project Hail Mary
Project Hail Mary
Project Hail Mary
Project Hail Mary
Project Hail Mary
Project Hail Mary
Project Hail Mary
Project Hail Mary
Project Hail Mary
Project Hail Mary
Original title Project Hail Mary
IMDb Rating 8.3 264,629 votes
TMDb Rating 8.195 2,032 votes

Director

Cast

Ryan Gosling isRyland Grace
Ryland Grace
Sandra Hüller isEva Stratt
Eva Stratt
James Ortiz isRocky (voice)
Rocky (voice)
Milana Vayntrub isOlesya Ilyukhina
Olesya Ilyukhina
Priya Kansara isMary (voice)
Mary (voice)
Mia Soteriou isDr. Browne
Dr. Browne

Similar titles

End of the World
Predator: Killer of Killers
Hellboy II: The Golden Army
The Signal
Manjummel Boys
Dragon
Afterburn
War of the Worlds
Elevation
Godzilla x Kong: The New Empire
Stagecoach
All the Wrong Ingredients

Leave a comment

Name *
Add a display name
Email *
Your email address will not be published